Spelade

  • ကမ္ဘာကေျာ်စာရေးဆရာကြီး လီယိုတော်စတွိုင်း ရဲ့ နာမည်ကေျာ် ဂန္တဝင်စာအုပ်ကြီးကို ဆရာမြသန်းတင့် က ရသပြောင်မြောက်စွာ ဘာသာပြန်ပေးထားတဲ့ 'စစ်နှင့်ငြိမ်းချမ်းရေး' ကို အသံထွက်ဖတ်ပြပေးတာပါ။ 

    ပုဂံစာအုပ်တိုက်ရဲ့ ပထမအကြိမ်ထုတ်မူ ၁၂အုပ်တွဲမှ အမှာစာများ၊ မှတ်စုများ နှင့်တကွ

    စာအုပ် ၁ မှ စာအုပ် ၄ အထိ အပိုင်း(၅၀) ကို Part -1 အနေနဲ့ တင်ပေးပြီး၊ စာအုပ် ၅ မှ ၈ အထိ Part - 2 အနေနဲ့ တင်ပေးသွားပါမယ်ဗျ။

    အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်များ မှားယွင်းမှုများ အဆင်မပြေမှုများရှိခဲ့ပါက ကျနော့်တာဝန်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ။

    --- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
  • ကမ္ဘာ့ဂန္တဝင် စာရင်းဝင် နာမည်ကျော်ဝတ္ထုတပုဒ် ဖြစ်တဲ့ "မျှော်တလင့်လင့်" ကို ဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်။

    လူ့စရိုက်ကို ပီပြင်စွာ ပုံဖော်နိုင်တဲ့ ရသမြောက်ဝတ္ထုကြီးဖြစ်တဲ့ "မျှော်တလင့်လင့်"ဟာ မူရင်းရေးသားသူ ချားလ်ဒစ်ကင် ရဲ့ အကောင်းဆုံးဝတ္ထုအဖြစ် သတ်မှတ်ခံထားရပြီး မြန်မာနိုင်ငံမှာလည်း ၁၉၅၀ ခုနှစ် စာပေဗိမာန် ရဲ့ ဘာသာပြန် စာပေဆု ကို ဒီဝတ္ထုနဲ့ ဆရာကြီး ရွှေဥဒေါင်း ရရှိခဲ့ပါတယ်။

    ဒါပေမဲ့ ဆရာကြီးရွှေဥဒေါင်း ဟာ ဒီဝတ္ထုကြီးကို အနှစ်ချုပ်(အကျဉ်း) ပဲ ပြန်ဆို ရေးသားခဲ့တာဖြစ်ပါတယ်။

    နောက်ပိုင်းမှာ ဆရာမောင်ထွန်းသူ က အစအဆုံး ပြန်ဆိုထားပါသေးတယ်ဗျ။

    ကျနော်က ဆရာကြီးရွှေဥဒေါင်း ရဲ့ ဘာသာပြန်မူကို ဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်။

    --- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support