Avsnitt
-
Saknas det avsnitt?
-
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ မြန်မာပြည်က မာဇီးဒီးစီးတဲ့ ဘုန်းကြီးတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
-
အခုတပတ်မှာတော့ ပြည်သူတွေကြား အထိတ်တလန့် တုန်လှုပ်မှုဖြစ်ခဲ့ရတဲ့ ပဲခူးဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်တပ်က သတ်ဖြတ်ခဲ့ပြီး ပြည်သူကို လိမ်လည်ခဲ့တာ ပေါ်ခဲ့ပေမယ့် အမှားကို ဝန်မခံပဲ ထပ်လိမ်ဖို့ ကြိုးစားနေတဲ့အကြောင်းတွေကို ကိုယ်တိုင်လည်း စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကို ကြုံတွေ့ခဲ့ရဖူးတဲ့ စီဒီအမ် စစ်ဗိုလ်တဦးက ပြောပြတာကို “ပြည်သူ့စစ်သားရင်တွင်းစကား အစီစဉ်”မှာ နားဆင်နိုင်ပါပြီ။
-
နေ့စဉ်နဲ့အမျှ တိုက်ခိုက်ရေး အင်အားနည်းလာတဲ့ စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို မက်လုံးပေးစည်းရုံးကာ စစ်တပ်ထဲ ပြန်ခေါ်နေသလို အမျိုးသမီးတွေကိုလည်း စစ်မှုထမ်းဖို့ စာရင်း စတင်ကောက်ယူတာတွေ လုပ်နေတဲ့ စစ်တပ်ရဲ့ စစ်အင်အား ဖြည့်တင်းနေတဲ့ အကြောင်းအရာတွေကို ဒီတပတ် ပြည်သူ့စစ်သား ရင်တွင်းစကား အစီအစဉ်မှာ နားဆင်ရမှာပါ။
-
ဒီတပတ်ရဲ့ ပြည်သူ့စစ်သား ရင်တွင်းစကား အစီစဉ်မှာတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်ကနေ လက်နက်နဲ့ အတူ CDM ပြုလုပ်ခဲ့တဲ့ တပ်သားတဦးက သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တပ်တွင်းက အခြေအနေတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
-
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ ဒေသတွေ အပါအဝင် အညာဒေသမှာ လေကြောင်းနဲ့ ဗုံးကြဲတာ၊ စက်သေနတ်နဲ့ ပစ်ခတ်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို ပြုလုပ်လာတဲ့အကြောင်း၊ စစ်ကောင်စီက လေယာဉ်ဆီရဖို့အတွက် ဘယ်လိုလမ်းကြောင်းတွေက သယ်ယူလာနိုင်လဲ စတဲ့ အကြောင်းအရာတွေကို အခုတပတ်ရဲ့ "ပြည်သူ့စစ်သားရင်တွင်းစကား အစီစဥ်" မှာ နားဆင်ရမှာဖြစ်ပါတယ်။
-
စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကြီးတွေကို KIA က ထပ်မံသိမ်းပိုက်လိုက်မှု၊ စစ်ကောင်စီအတွက် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေ မလုံလောက်တော့ဘူးလား၊ စစ်မှုထမ်းဟောင်းတွေပါ စစ်မှုမထမ်းချင်လို့ ထွက်ပြေးတိမ်းရှောင်နေရပြီ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
- Visa fler