Avsnitt

  • ပြီးခဲ့တဲ့အပတ်က ညီလေး ပြည့်ဖြိုး Pyae Phyo aka Pete နဲ့ပြောဖြစ်ခဲ့တာကလည်း Around the World Podcast ရဲ့ ​ေ၀မျှချင်တဲ့ ရည်ရွယ်ချက်ထဲက တစ်ခု ဖြစ်တဲ့ နိုင်ငံရပ်ခြားမှာ ပညာသင်၊ အလုပ် လုပ်ပြီး နောက် မိခင်နိုင်ငံကိုပြန်လာပြီး အချေချနေထိုင်နိုင်အောင် ကြိုးစားကြံဆောင်သူတွေရဲ့ စစ်မှန်တဲ့ အကြောင်းများလဲ ပါ၀င်ပါတယ်။

    အခု Podcast လေးမှာ Pyae Phyo ရဲ့ Singapore က အလုပ် အတွေ့အကြုံတွေ ရရှိလာပြီးနောက် ကိုယ့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းများနဲ့ Community တွေမှာ နေထိုင်ပြီး ရှင်သန်လုပ်ကိုင်ရတာကို နှစ်သက်တဲ့ သူတစ်ယောက် အနေနဲ့ Singapore မှာ ပုံမှန် အလုပ်တွေ နဲ့ အဆင်ပြေ​နေသော်လည်း ဘ၀မှာ တစ်ခုခု လိုအပ်နေသလို ခံစားလာရပြီး ကိုယ့်ချစ်တဲ့ မွေးရပ်မြေကိုပြန်လာပြီး၊ Entrepreneur အဖြစ် စတင်ရပ်တည်လည်ပတ်ခဲ့ရပုံတွေကို ပြောဖြစ်ခဲ့ကြပါတယ်။

    လက်ရှိ ကာလ (၂၀၂၄ ခုနှစ်) အနေအထားအရ နားဆင်ရသူတွေ အတွက် သိမှတ်စရာ တစ်ခုခု ကျန်ခဲ့မယ်ဆိုရင်ပဲ ကျနော်တို့ တစ်ဖွဲ့လုံးက ကျေနပ်လှပါပြီ။

    နားဆင်အားပေးကြပါဦးစို့။

  • Around the World Podcast Series မှ ကြိုဆိုပါတယ်ခင်ဗျာ။

    အခုတပတ် ဖိတ်ခေါ် ပြီး ရှေးဖြစ်နောက်ကြောင်းတွေ ပြောဖြစ်တဲ့သူတော့ ညီလေး (ပြည့်ဖြိုး) Pyae Phyo aka Pete ပါ။

    Pyae Phyo နဲ့ ကျနော် ဆုံဖြစ် ပုံလည်း နားဆင်သူ ပရိတ်သတ် အချို့ ကြားဖူးလောက်တဲ့ TP Myanmar Thingyan မှာ ပြဇာတ်တူတူ ကရင်း ဆုံဖြစ်ခဲ့တာပါ။ တစ်ခါဆုံဖူးပြီးကတည်းက လူရင်း တစ်ယောက်လို ခံစားရတဲ့ ညီငယ်လေးတစ်ယောက်ပါ။

    အခု Podcast လေးမှာ Pyae Phyo ရဲ့ ကျောင်းနေဘ၀က ပညာဘာသာရပ်တွေကို ကြိုးစားသင်ယူဖြတ်သန်းပြီး၊ Singapore မှာ အသက်မွေး၀မ်းကြောင်း ပညာရပ်အား ဆက်လက်သင်ကြားခဲ့ပုံ၊ စာသင်ရင်း အချိန်ပိုင်း အလုပ်လုပ်၊ လူငယ်သဘာ၀ ဖြတ်သန်းမှုများ နှင့် အလုပ်ခွင် အတွေ့အကြုံများ အကြောင်းပြောရင်း ရန်ကုန် အပြီးပြန်လာဖြစ်ခဲ့ကြပုံတွေ နဲ့ ယခု အပိုင်းလေးအား အဆုံးသတ် ပြောဖြစ်ခဲ့ကြပါတယ်။

    ၂၀၂၄ ခုနှစ်ကာလ အနေအထားအရ နားဆင်ရသူတွေ အတွက် သိမှတ်စရာ တစ်ခုခု ကျန်ခဲ့မယ်ဆိုရင်ပဲ ကျွန်တော်တို့ တစ်ဖွဲ့လုံးက ကျေနပ်လှပါပြီ။

    နားဆင်အားပေးကြပါဦးစို့။

  • Saknas det avsnitt?

    Klicka här för att uppdatera flödet manuellt.

  • Around The World Podcast Series ခရီးစဉ်မှ ပြန်လည်ကြိုဆိုပါတယ်။

    ဒီတစ်ပတ် Podcast မှာ ဖိတ်ကြားထားပြီး စကားပြောဖြစ်သူကတော့ ဆိုင်ကယ်တွေနဲ့ သဘာ၀တရားကိုချစ်မြတ်နိုးသူ သူငယ်ချင်း ကိုစိုင်း(စိုင်းဇွန်ဖ) ပဲဖြစ်ပါတယ်။ သူနဲ့အတူတူ ကျွန်တော်တို့ ဖြတ်သန်းဖူးခဲ့တဲ့ ၁၀ တန်းကျောင်းသား ကာလတွေနဲ့ ၂၀၀၀ ခုနှစ်လောက်က နိုင်ငံခြားကိုထွက်ပြီး ပညာသင်ကြားရင်း ဘ၀အခွင့်အလမ်းသစ်တွေ ရှာဖွေခဲ့ကြပုံတွေ၊ အလုပ်အကိုင်တွေနဲ့ ရင်းနှီးပေးဆပ်ကာ ဘ၀အတွက်တစ်ဆင့်ခြင်း တက်လှမ်းခဲ့ရပုံတွေကို ပြန်ပြောဖြစ်ခဲ့ကြပါတယ်။

    များစွာသော အကြောင်းအရာတွေထဲက ကောက်နုတ် တင်ပြလိုတာကတော့ ဘယ်အရာမှ လွယ်လွယ်မရဘူးဆိုပေမယ့်လည်း ကြိုးစားရင် တက္ကသိုလ်ပညာရေးကိုတောင် အခမဲ့တက်ရောက်ခွင့်ရခဲ့တယ်ဆိုတာပါပဲ။

    အားလုံခြုံငုံမိသွားအောင် Around The World Podcast #2 Full Spectrum Conversations with Ko Sai ကို ဆက်လက်နားဆင်ပေးသွားဦးခင်ဗျာ။

  • Around the World Podcast ရဲ့ ဦးဦးဖျားဖျား ဧည့်သည်ကတော့ တခြားလူ မဟုတ်ပါဘူး။

    ကလေးဘ၀ကတည်းက သိခဲ့ပြီး အတူတူ ကြီးပြင်းခဲ့တဲ့ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း အောင်ကျော်၀င်း ခေါ် Ozz ပဲဖြစ်ပါတယ်။ ပြီးတော့ Ozz ကလည်း တခြားလူ မဟုတ်ပါဘူး။ ဆိုင်ကယ်စီး ၀ါသနာပါပြီး ကမ္ဘာပတ်ပြီး ဆိုင်ကယ် စီးနေတဲ့သူပါ။

    အခု Podcast လေးမှာ ကျွန်တော်တို့ မျှဝေထားတာကတော့ အထက ပညာရေး ကျော်လွန်ပြီး ၂၀၀၀ ခုနှစ် ကာလ အနေအထားအရ နိုင်ငံခြားမှာ ပညာသင်သွားခွင့်ရရှိရေးအတွက် ကြိုးစားခဲ့ရပုံ၊ လူငယ်သဘာ၀ မိဘနဲ့ဝေးပြီး ပထမဆုံးအကြိမ် နေထိုင်ဖြတ်သန်းခဲ့ပုံ၊ Singapore က Temasek Poly ကျောင်းသားဘ၀၊ အလုပ်ခွင်၊ ထပ်ဆင့်ပညာရေး နဲ့ Entrepreneurship စတင်ဖြစ်ခဲ့ကြပုံတွေကို ပြန်ပြောဖြစ်ခဲ့ပါတယ်။

    အခုခေတ်ကာလမှာလည်း လူကြီးလူငယ် အရွယ်မရွေး တိုင်းတပါးသွားပြီး ဘ၀တည်ဆောက်နေကြတော့ ကျွန်တော်တို့လည်း ကိုယ့်အကြောင်းတွေ မိဘတွေရဲ့ ရင်းနှီးပေးဆပ်မှုနဲ့ အထမြောက်အောင် ရုန်းကန်ခဲ့ရပုံတွေကို ပြန်ပြောင်း သတိရစေပါတယ်။

    နားဆင်ကြည့်ပါဦးစို့။

  • Around the World ခရီးစဉ်လေးကနေ ကြိုဆိုပါတယ်။

    ဒီအစီအစဉ်မှာ ကျွန်တော့်ရဲ့ မိတ်ဆွေရင်းတွေရော ကမ္ဘာအနှံ၊ နေရာစုံ၊ ဘ၀စုံက ခပ်စိမ်းစိမ်းလူတွေနဲ့ပါ တရင်းတနှီး ဆွေးနွေးမယ့် ဘ၀ရသအကြောင်း အစုံစုံပါပဲ။

    ကျွန်တော်ကတော့ ဒီ Podcast ရဲ့ Host ဖိုးကောက် ဖြစ်ပါတယ်။

    Around the World ခရီးစဉ်လေးမှာ ကျွန်တော်နဲ့ အတူတူ လိုက်ပါခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။