Avsnitt

  • ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ ပေးလေ့ပေးထရှိတဲ့ အသိပညာဗဟုသုတတွေလည်း ပါဝင်တဲ့ ဝတ္ထုတိုလေးကို ပညာပေးမဆန်ဘဲ ရသအစွမ်းနဲ့ဖတ်ရသူ မပျင်းရိရဘဲ စီးမျောသွားအောင် ရေးဖွဲ့သွားပါတယ်။စာဖတ်ပျင်းတဲ့ကာလမှာ စာကောင်းပေမွန်များစွာကို နားသောတဆင်ရင်း မြင်ယောင်ဖတ်ရှုနိုင်ပါစေလို့ ဆန္ဒပြုရင်း...| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား ဖြစ်ပျက်တတ်တာလေးကတော့ အတူတူပဲမို့ လူတိုင်း ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ စာဖတ်ပျင်းတဲ့ကာလမှာ စာကောင်းပေမွန်များစွာကို နားသောတဆင်ရင်း မြင်ယောင်ဖတ်ရှုနိုင်ပါစေလို့ ဆန္ဒပြုရင်း...| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • Saknas det avsnitt?

    Klicka här för att uppdatera flödet manuellt.

  • ထိုင်းနိုင်ငံ ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိသွားလာလည်ပတ်လုပ်ကိုင်နေကြသူတွေ ဒီနှစ်အတွင်းမှာ အတော်လေး များလာပါတယ်။ စာရင်းအရ တစ်နှစ်အတွင်းမှာ မြန်မာလုပ်သား ၄ သန်းကနေ ၁၀ သန်းအထိ တိုးသွားတယ်လို့ ဖော်ပြတာကြောင့် ထိုင်းနိုင်ငံမှာ နည်းမျိုးစုံနဲ့ ဝင်ရောက်လာပြီး အလုပ်လုပ်နေသူ မြန်မာအရေအတွက် အတော်လေးများနေပြီလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ကားမောင်းဖို့လည်း အကြောင်းဖြစ်လာကြပါတယ်။ ထိုင်းရဲ့ တခြားဒေသတွေမှာ ကားမောင်းရတာက ဘန်ကောက်လို ခက်ခဲရှုပ်ထွေးမှုမျိုးနည်းလို့ တခြားမြို့တွေမှာ နေထိုင်သွားလာသူတွေအတွက် မြန်မာပြည်မှာ ကားမောင်းအတွေ့အကြုံရှိထားရင် အရမ်းလွယ်ကူပါတယ်။ ဘန်ကောက်ရဲ့မိုးပျံလမ်း အထပ်ထပ်ကြောင့်သာ မျက်စိလည်စရာဖြစ်ရပြီး အမြန်လမ်းတွေကြောင့် ရုတ်တရက် ကြောက်စိတ်ဖြစ်ရတတ်ပါတယ်။ ဒီအကြောင်းလေးတွေကို ဒီ Podcast မှာ ပြောထားသလို ဘန်ကောက်မှာ ယာဉ်မောင်းလိုင်စင် ဘယ်လိုလုပ်သလဲဆိုတာပါ ပြောပြပေးထားပါတယ်ဗျ။| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • ကျွန်တော် ခုချိန်ထိ အပျော်ခရီးဆိုတာ မထွက်ဖြစ်သေးဘူး။ ခရီးသွား Blogger က ခရီးမသွားရတော့ အတော်လေး အကျဉ်းကျခံနေရသလိုပါပဲ။ ဒါပေမဲ့ ခရီးသွားရတဲ့ ခံစားမှုလေးမျိုးကို ကိုယ့်ဟာကိုယ်ပဲ ဖန်တီးယူပါတယ်။ အဲ့ဒါက သီချင်းတွေနားထောင်တာပါ။ ကျွန်တော်က ခရီးသွားတိုင်း သီချင်းနားထောင်တယ်။ သီချင်းအမျိုးအစားစုံကို နားထောင်ရတာကြိုက်တယ်။ စတီရီယိုခေတ်ဦးက သီချင်းတွေထိကို ပြန်ရှာနားထောင်တတ်တဲ့အထိ သီချင်းတွေကို စွဲလမ်းသူပါ။ ဒါကြောင့်လည်း ဒီနေ့ Podcast လေးမှာ ၇၀ နဲ့ ၈၀ ခုနှစ်တွေတုန်းက သီချင်းကောင်းလေးတွေ ကျွန်တော် ရှာတွေ့သမျှ နားထောင်မိသမျှ သဘောကျတာလေးတွေကို ရင်ဘတ်ချင်းတူသူတွေလည်း နားဆင်နိုင်ဖို့ ပြန်ပြီးဝေမျှပါတယ်ခင်ဗျာ။ ခရီးမထွက်ရရင် သီချင်းနားထောင်ပြီး ခရီးသွားရတုန်းက ခံစားမှုတွေ ပြန်ခံစားကြရအောင်ပါဗျ။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • သုံးမည်ရတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကမ္ဘာကျော်တောင်ထိပ်ကို ကျွန်တော်တို့ ခြေလျင်ခရီး အတက်အဆင်း သွားခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က သွားခဲ့တဲ့ နတ်မတောင် (သို့မဟုတ်) ဝိတိုရိယတောင် ခရီးစဉ်က အခုထိတိုင် ပြန်ပြောတိုင်း ပြန်မြင်ယောင်ဆဲ၊ ပြန်ကျေနပ်ပျော်ရွှင်ရဆဲ ပါပဲ။ သဘာဝအလှတရားတွေ မပျက်စီးသေးဘဲ ကျန်ကြွင်းနေဆဲ ဒီနယ်မြေတွေဟာ အခုအခါမှာတော့ ထိတ်လန့်တုန်လှုပ်စရာ နိုင်ငံရေးအပြောင်းအလဲရဲ့ ဓားစာခံ မြေဇာပင်တွေ ဖြစ်နေရပြီလို့ ဆိုရပါတော့မယ်။ သိပ်လှတဲ့ ချစ်ရသော ချင်းမြေ ကို ‌အမြန်ဆုံး ဘေးကင်းရှင်းပြီး အရင်လို ခရီးသွားတွေနဲ့ ပြန်လို့ အသက်ဝင်စေချင်လှပါပြီ။ ဒီနေ့ Podcast လေးမှာလည်း တကယ်ကို လွမ်းစရာဖြစ်ရတဲ့ ဒီခရီးစဉ်ကို တင်ဆက်ပေးထားပါတယ်ခင်ဗျာ။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • ၂၀၀၅ ခုနှစ်တုန်းက ထင်ပါတယ်။ နန်းဒေဝီ စာပေ က ဖြန့်ချိထားတဲ့ စာအုပ်ဟောင်းလေးတစ်ခုကို ငယ်ငယ်လေးတုန်းက ဖတ်ခဲ့ဖူးပေမဲ့ ခု စာအုပ်စဉ်မှာ ပြန်တွေ့လို့ တစ်ခါ ပြန်ဖတ်ရင်း သဘောကျလို့ အသံထွက်စာအုပ်လေး အဖြစ် အသက်သွင်းဖြစ်ပါတယ်။ မူရင်းက Dr. Spencer Johnson ရဲ့ "Who Moved My Cheese" ပါ။ မူရင်းစာအုပ်မှာကို အတော်ရောင်းကောင်းခဲ့တာ သတင်းတွေ ကြားခဲ့ရဖူးပါတယ်။ မြန်မာဘာသာပြန်ဆိုပေးတာတော့ ဆရာ တင်မောင်မြင့် ပါ။ ငယ်ငယ်တုန်းက အင်္ဂလိပ်လို မကျွမ်းကျင်ချိန် နားလည်သဘောပေါက်အောင် မြန်မာလို ချောချောမွေ့မွေ့ ဘာသာပြန်ပေးခဲ့လို့ ပညာအလင်း ရခဲ့တယ်လို့ပဲ ဆိုပါရစေ။ ဒီစာအုပ်ဟာ လက်တွေ့ဘဝမှာ လုပ်ငန်းခွင်ထဲဖြစ်ဖြစ်၊ ပြင်ပလူမှုရေးရာဖြစ်ဖြစ်၊ ကျောင်းတွင်း၊ အိမ်တွင်းရေးရာတွေပဲ ဖြစ်ဖြစ် အားလုံးမှာ အသုံးချနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ဒီနေ့တော့ အပိုင်း (၂) ဇာတ်သိမ်းလေး ကို တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျ။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • ဒီတစ်ပတ် Episode လေးမှာတော့ တွေးဆပြင်ဆင်စရာ အကြောင်းအရာကောင်းတစ်ခုဖြစ်တဲ့ "ငါ့ ဒိန်ခဲ ကို ဘယ်သူနေရာရွှေ့ထားသလဲ" ဆိုတဲ့ စာရေးဆရာ တင်မောင်မြင့် ရဲ့ ဘာသာပြန်စာအုပ်လေးကို အသံထွက်စာအုပ်လေးအသွင် ဖတ်ပြဖြစ်ခဲ့ပါတယ်။ ဖတ်ရင်း ကျွန်တော့်ကိုကျွန်တော် ပြန်မြင်မိသလို၊ ဒီစာကို ဖတ်မိသူတိုင်းလည်း ဒီဇာတ်ကောင်လေးတွေထဲမှာ ကိုယ်ဟာ ဘယ်သူနဲ့တူသလဲဆိုတာ ပြန်မြင်မိကြတဲ့အထိ ဇာတ်လမ်းဟာ လက်တွေ့သိပ်ကျလွန်းတယ်လို့ ဆိုပါရစေ။ ဘဝအတွက်၊ အလုပ်အတွက်၊ အောင်မြင်ရေးအတွက်၊ မိသားစုအရေးအတွက်၊ လူမှုရေးအတွက် အားလုံးကို ထည့်သွင်းစဉ်းစားလုပ်ဆောင်နိုင်စေတဲ့ အတွေးအမြင်တွေကို ရရှိစေလို့ ခုလိုချိန်မျိုးမှာ နားဆင်သင့်တယ်လို့ ဆိုပါရစေ။ နန်းဒေဝီ စာပေ က ဖြန့်ချိထားတဲ့ ဒီစာအုပ်လေးဟာ နှစ်တွေ ဘယ်လိုပြောင်းပြောင်း ဟောင်းဟောင်း ခေတ်မီနေဆဲပါပဲခင်ဗျာ။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • Podcast လေးကို ခုလပိုင်းတွေ ပစ်ထားမိသလို ဖြစ်နေတယ်။ ဒီနေ့ Episode လေးမှာတော့ သဘောကျမိတဲ့ အတွေးအမြင် အကြောင်းအရာလေးတစ်ခုကို တင်ဆက်ချင်ပါတယ်။ လက်နှီး (လက်သုတ်ပုဝါ) လေးတွေကို ကျွန်တော်တို့ ဘဝနဲ့ ယှဉ်ပြီး စဉ်းစားကြည့်မိတာပါ။ စိတ်ကူးတွေးခေါ်စရာ တစ်ခုခု ရရှိမယ်လို့ ယုံကြည်ပါတယ်။ ဒီ Episode လေးနားဆင်ပြီး ကိုယ်ခံစားရတဲ့ အတွေးအမြင်လေးတွေကိုလည်း ဝေမျှဆွေးနွေးနေပါတယ်ခင်ဗျ။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • ကျွန်တော်တို့ နိုင်ငံမှာ စိတ်ဝင်စားစရာ လှပတဲ့ နေရာလေးတွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲမှာ အင်းဝမြို့ဟောင်း ဟာလည်း ပါဝင်ပါတယ်။ အင်းဝမြို့ထဲမှာ ဒီနှစ်ပိုင်းတွေ ခရီးသွားတွေကြား ရေပန်းစားလာတဲ့ ရတနာဆီးမီး ဘုရားစု နဲ့ ပတ်သက်သမျှ စုစည်းလို့ ဒီနေ့ ကျွန်တော့်ရဲ့ Podcast ကနေ တင်ပြပေးလိုက်ရပါတယ်။ ခရီးသွားဖို့ ကောင်းတဲ့အချိန် မဟုတ်သေးတော့ သောတအာရုံလေးနဲ့ စိတ်ကူးထဲက ပုံဖော်နိုင်ဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • ဒီနေ့ ကျွန်တော့် ရဲ့ Podcast မှာတော့ ဖခင်များနေ့ နဲ့ တိုက်ဆိုင်နေလို့ အဖေတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ ဝေမျှ ထားပါတယ်။ ဒါ့အပြင် စာရေးဆရာ နတ်ရဲ (ရူပဗေဒ) ရဲ့ "ပင်လယ်ကို မမုန်းပါဘူးဖေဖေ" ဝတ္ထုတို ကို အသံထွက်ဝတ္ထုအဖြစ် ဖခင်များနေ့ အမှတ်တရ အသက်သွင်းထားပါတယ်ခင်ဗျ။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • ဇွန်လ (၁၄) ရက်နေ့ ကို ကမ္ဘာ့သွေးလှူရှင်များနေ့ လို့ ဆိုပါတယ်။ သွေးလှူဖို့ တွန့်ဆုတ်နေမိတဲ့ ကိုယ့်ကိုကိုယ် ဘာလို့များ တွန့်ဆုတ်နေမိလည်း တွေးမိပြီး ကိုယ့်လို စိတ်ဒွိဟ ဖြစ်နေသူတွေလည်း လှူဖို့ အားတက်အောင်လို့ ဒီနေ့မှာတော့ သွေးလှူခြင်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ၊ ဆောင်ရန် ရှောင်ရန် တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်ဗျာ။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • ဇွန်လ ကို Pride Month ဆိုပြီး သက်တန့်ရောင်လေးတွေ လွှမ်းခြုံတတ်ကြတယ်။ ကျွန်တော့်ရဲ့ ဒီကနေ့ Podcast Show ကနေ LGBT တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုကို တင်ဆက်ချင်ပါတယ်ခင်ဗျာ။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • ဘေးမှာရှိတုန်း တန်ဖိုးထားပါဆိုတာ ချစ်သူခင်သူတွေကိုပဲ ပြောတာလို့ မယူဆပါနဲ့... သူလည်း ပါဝင်ပါတယ်။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • စက်ဘီး စီးတဲ့ အားကစား ဟာ ၉၀ ခုနှစ်ဖွားတွေနဲ့တော့ မစိမ်းလှပေမဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဖွားတွေအတွက်တော့ စက်ဘီး စီးတဲ့ အလေ့အထ တဖြေးဖြေး ဝေးကွာလာခဲ့တယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။ ခုနောက်ပိုင်းမှာ တကြော့ပြန် ခေတ်စားလာတဲ့ စက်ဘီးစီးခြင်းဟာ အားကစားလှုပ်ရှားမှုအသွင် ဖြစ်လာပြီး ပိုကြံ့ခိုင်သန်စွမ်းကျန်းမာစေတဲ့ အပြုအမူအနေနဲ့ နေ့စဉ် နေထိုင်မှုဘဝမှာ သဘောတွေ့လာကြပါတယ်။ စက်ဘီးစီးအားကစား ကို စိတ်ဝင်စားသူတွေ၊ စက်ဘီးစီးပြီး ပြည်တွင်း ပြည်ပ ခရီးထွက်လိုသူတွေအတွက် သိသင့်သိထိုက်တာလေးတွေကို ကြိုးစားပြုစုထားသလို၊ နိုင်ငံဖြတ်ကျော် စက်ဘီးစီး အတွေ့အကြုံရှိသူ ကိုညိုမင်းသိန်း နဲ့လည်း စကားပြောဆွေးနွေးထားပါတယ်။ ဒီနေ့ Podcast show လေးကိုလည်း သဘောကျဖို့ မျှော်လင့်ပါတယ်ခင်ဗျ။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • ဘဝ မှာ ကြုံဆုံခဲ့ရဖူးတဲ့ ဖာ လို့ ချိုးနှိမ်ခေါ်ဝေါ်ခဲ့ကြတဲ့ လိင်လုပ်သားတွေ ရဲ့ ဘဝ အပိုင်းအစ တချို့ကို တီးခေါက်မိသလောက် ပြောဆိုဖြစ်ပါတယ်။ လိင်လုပ်သားတွေ ရဲ့ ရင့်နင့်စရာ အဖြစ်အပျက်အတွေ၊ ရယ်မောစရာတွေ၊ ရုန်းထွက်အောင်မြင်မှုတွေအကြောင်းကို comment မှာလည်း ဝေမျှနိုင်ပါတယ်ခင်ဗျာ...

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • "အင်းဝမြို့ဟောင်း မှ ညောင်ရမ်းခေတ်စေတီများ"ဒီနေ့ ကျွန်တော့် ရဲ့ Podcast မှာတော့ အင်းဝမြို့ဟောင်းရောက်ရင် တွေ့မြင်ကြရမယ့် စိတ်ဝင်စားစရာ တည်ဆောက်ပုံရှိကြတဲ့ ညောင်ရမ်းခေတ်စေတီတွေအကြောင်း ကို တင်ဆက်ထားပါတယ်ခင်ဗျာ။ Season 2 ရဲ့ ပထမဆုံးအပိုင်းလေးလည်းဖြစ်လို့ အပြောင်းအလဲတချို့အကြောင်းကိုလည်း ပြောပြထားပါတယ်။ညောင်ရမ်းခေတ် ဟာ ဒုတိယအင်းဝခေတ် လည်း ဖြစ်ပါတယ်။ ညောင်ရမ်းခေတ် လက်ရာ ရှေးဟောင်းစေတီ နဲ့ အဆောက်အအုံတွေကို အင်းဝ မှာ ယနေ့တိုင်မြင်တွေ့နိုင်ဆဲဖြစ်တာဟာလည်း နှစ်သက်စရာပါ။ သမိုင်းကြောင်း သိရင် နေရာတစ်ခုဟာ ပိုပြီးစိတ်ဝင်စားစရာဖြစ်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ဒါကြောင့် အချက်အလက်တွေ လက်လှမ်းမီသလောက် စုစည်းတင်ဆက်လိုက်ပါတယ်ခင်ဗျာ။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • မထင်မှတ်ဘဲ အခြေအနေအမျိုးမျိုးကြောင့် စာတစ်အုပ်ဟာ လတွေအများတွေကြာတဲ့အထိ ဖြစ်သွားရတယ်။ ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (35) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက်ဖတ်ပြတာလေး နိဂုံးချုပ်နိုင်ပါပြီ။ ဒါ့အပြင် ကျွန်တော့် Podcast လည်း တစ်နှစ် သက်တမ်းရှိပြီမို့ Season 1 ရဲ့ အပိတ် show ဆိုလည်း မမှားပါဘူး။ ဒီစာအုပ်မှာ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၁၀) မှာ စာရေးသူ ဟာ သူ့ရဲ့မူလနေထိုင်ရာ အမေရိကားနိုင်ငံ မှာ ပျော်ရွှင်မှု ရှာတဲ့အကြောင်းအရာတွေကို တင်ပြထားသလို နိဂုံးချုပ်အနေနဲ့ ပျော်ရွှင်ခြင်းခရီးစဉ်ပေါ် သုံးသပ်ချက်တွေကိုလည်း စိတ်ဝင်စားစရာ ဖတ်ရှုရပါတယ်။ အမေရိကားနိုင်ငံ အကြောင်းကို ဖတ်ရင်း နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို အစုံ သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။ Season 1 ကနေလည်း နှုတ်ဆက်လိုက်ပါတယ်။ မနက်ဖြန် Season 2 မှာ ထူးခြားတဲ့ Show တွေနဲ့ ပုံစံပြောင်းထားပါပြီဗျား။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (34) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဆက် ဖတ်ပြထားပါတယ်။ စာအုပ်မှာ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၉) မှာ ပျော်ရွှင်ခြင်းရှာတဲ့ ခရီးသည်ကြီးဟာ သူ ချစ်လည်းချစ်သလို မုန်းလည်းမုန်းတဲ့ တနည်း ချစ်ရင်းနဲ့ မုန်းနေတဲ့ အိန္ဒိယနိုင်ငံ ကို ခရီးထွက်ခဲ့ပါတယ်။ အိန္ဒိယ ရဲ့ ပျော်ရွှင်ခြင်းဟာ ဝိရောဓိတွေကြားမှာ ရှိနေတယ်လို့ သုံးသပ်ထားတယ်။ ပိုက်ဆံရှိတာ နဲ့ ပျော်ရွှင်တာ မဆိုင်ဘူးလို့လည်း အိန္ဒိယ က သင်ကြားပေးပြန်တယ်။ အိန္ဒိယနိုင်ငံ အကြောင်းကို ဖတ်ရင်း နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို အစုံ သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (33) မှာတော့ ရှေ့ကလိုပဲ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ စာအုပ်မှာ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၈) မှာ ပျော်ရွှင်ခြင်းရှာတဲ့ ခရီးသည်ကြီးဟာ ကိန်းကြီးခန်းကြီးရှိလှတဲ့ ဂရိတ်ဗြိတိန်နိုင်ငံ က လူတွေ ပျော်ရွှင်နေသလား သိဖို့ သွားခဲ့ပါတယ်။ ဗြိတိန် ရဲ့ ဆလောင်းမြို့ ဆိုတာ ဘူနေတဲ့မြို့တစ်မြို့ လို့ ဆိုကြတယ်။ အဲ့ဒီမြို့ကို ခရီးထွက်ပြီး ပျော်ရွှင်ခြင်းအကြောင်းကို လေ့လာထားသမျှ နားဆင်ရမှာ ဖြစ်ပါတယ်။ ဂရိတ်ဗြိတိန်နိုင်ငံ အကြောင်းကို ဖတ်ရင်း နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို အစုံ သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။

    | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |

  • ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (32) မှာတော့ ဆက်ပြီးတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၇) မှာ ကျွန်တော်ကိုယ်တိုင်လည်း ပျော်စရာနိုင်ငံ တစ်ခုလို့ မြင်မိတဲ့ ထိုင်းနိုင်ငံ ကို ပျော်ရွှင်ခြင်းအရှာထွက်တဲ့ အကြောင်း ဖတ်ရပါတယ်။ ခု ကျွန်တော်တို့နိုင်ငံ လက်ရှိအနေအထားနဲ့ သူ ရေးတဲ့အချိန် ထိုင်းနိုင်ငံ နဲ့ ဆင်တူသလိုလိုပါပဲ။ ထိုင်းနိုင်ငံ ရဲ့ ဘုရင်က အဲ့ဒီ သူ စာအုပ်ရေးတဲ့ အချိန်တုန်းကတော့ နတ်ရွာမစံသေးချိန်ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ ကြုံဆုံလိုက်ရတဲ့ ပျော်ရွှင်ခြင်းရှာဖွေသူခရီးသည်ကြီး ရဲ့ ထိုင်းနိုင်ငံ အကြောင်းကို ဖတ်ရင်း နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို အစုံ သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။